ဒါနအကျိုး ၅ ပါး
ဒါနအကျိုး ၅ ပါး
******
(သုမနသုတ်)
နတ်၌ဖြစ်က, သက်ရှည်ရ,
ဆင်းလှ ချမ်းသာရ၊
ခြံရံ-စိုးရ, ဤငါးဝ, ဒါနအကျိုးရ။
၁။ (ဒိဗ္ဗေန အာယုနာ အဓိဂဏှာတိ)
နတ်၌ ဖြစ်သော အသက်ရှည်ခြင်း၊
၂။ (ဒိဗ္ဗေန ဝဏ္ဏေန အဓိဂဏှာတိ)
နတ်၌ ဖြစ်သော အဆင်းလှခြင်း၊
၃။ (ဒိဗ္ဗေန သုခေန အဓိဂဏှာတိ)
နတ်၌ ဖြစ်သော ချမ်းသာကြီးခြင်း၊
၄။ (ဒိဗ္ဗေန ယသေန အဓိဂဏှာတိ)
နတ်၌ ဖြစ်သော အခြံအရံ အကျော်အစောရှိခြင်း၊
၅။ (ဒိဗ္ဗေန အာဓိပတေယျေန အဓိဂဏှာတိ)
နတ်၌ ဖြစ်သော အစိုးရခြင်း။
(အံ၊၂။၂၇။)
(အံ၊မြန်၊၂။၃၅။)
########
(တစ်နည်း) ဒါနအကျိုး ၅ ပါး
*******
လူ၌ဖြစ်က, သက်ရှည်ရ,
ဆင်းလှ ချမ်းသာရ၊
ခြံရံ-စိုးရ, ဤငါးဝ, ဒါနအကျိုးရ။
၁။ (မာနုသကေန အာယုနာ အဓိဂဏှာတိ)
လူ၌ ဖြစ်သော အသက်ရှည်ခြင်း၊
၂။ (မာနုသကေန ဝဏ္ဏေန အဓိဂဏှာတိ)
လူ၌ ဖြစ်သော အဆင်း လှခြင်း၊
၃။ (မာနုသကေန သုခေန အဓိဂဏှာတိ)
လူ၌ ဖြစ်သော ချမ်းသာကြီးခြင်း၊
၄။ (မာနုသကေန ယသေန အဓိဂဏှာတိ)
လူ၌ ဖြစ်သော အခြံအရံ အကျော်အစောရှိခြင်း၊
၅။ (မာနုသကေန အာဓိပတေယျေန အဓိဂဏှာတိ)
လူ၌ ဖြစ်သော အစိုးရခြင်း။
(အံ၊၂။၂၇။)
(အံ၊မြန်၊၂။၃၆။)
######
(တစ်နည်း) ဒါနအကျိုး ၅ ပါး
******
၁။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန်ခံ ရသည် ဖြစ်၍သာလျှင် သင်္ကန်းကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင်ရ သည်က နည်းခြင်း၊
၂။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန်ခံ ရသည်ဖြစ်၍သာလျှင် ဆွမ်းကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင်ရ သည်က နည်းခြင်း၊
၃။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန် ခံရသည် ဖြစ်၍သာလျှင် ကျောင်းကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင် ရသည်က နည်းခြင်း၊
၄။ ပေးလှူတတ်သော ရဟန်းသည် အလှူခံတော်မူပါဟု တောင်းပန်ခံ ရသည် ဖြစ်၍သာလျှင် ဆေးကို သုံးဆောင်ရသည်က များ၍ တောင်းပန်မခံရဘဲ သုံးဆောင်ရ သည်က နည်းခြင်း၊
၅။ ပေးလှူတတ်သော ရဟန်းကို သီတင်းသုံးဖော်တို့သည် ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာတို့ဖြင့် နှစ်ခြိုက်ဖွယ် ပူဇော်ကြသည်က များ၍ မနှစ်ခြိုက်ဖွယ် ပူဇော်ကြသည်က နည်းခြင်း။
(အံ၊၂။၂၇-၂၈။)
(အံ၊မြန်၊၂။၃၆။)
########
VenIndacariyaMawgyun
Comments
Post a Comment