၅း၄း၁း၂။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊ ဒုတိယသမ္မတ္တနိယာမသုတ်လာ တရားနာသော်လည်း မဂ် မရကြောင်း  ၅ ပါးနှင့် တရားနာသော် မဂ် ရကြောင်း  ၅ ပါး

၅း၄း၁း၂။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
ဒုတိယသမ္မတ္တနိယာမသုတ်လာ
တရားနာသော်လည်း မဂ် မရကြောင်း  ၅ ပါးနှင့်
တရားနာသော် မဂ် ရကြောင်း  ၅ ပါး

တရား- ဟောသူ၊ မိမိဟူ၊
အတူ ကဲ့ရဲ့ကြ။
ပညာမိုက်မဲ၊ အထင်လွဲ၊
ငါးတွယ် မဂ်မရ။

တရား- ဟောသူ၊ မိမိဟူ၊
အတူ မကဲ့ရဲ့။
ပညာရှိမြဲ၊ ထင်မလွဲ၊
ငါတွယ် မဂ်ကိုရ။

၂။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
ဒုတိယသမ္မတ္တနိယာမသုတ်လာ တရားနာသော်လည်း မဂ် မရကြောင်း ၅ ပါး

၁။ ဟောကြားသော တရားကို ကဲ့ရဲ့ခြင်း၊

၂။ တရားဟောပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်း၊

၃။ မိမိကိုယ်ကို ကဲ့ရဲ့ခြင်း၊

၄။ ပညာမရှိ မိုက်မဲ ဆွံ့အခြင်း၊

၅။ မသိသော အရာ၌ သိ၏ဟု မှတ်ထင်ခြင်း။

(အံ၊၂။၁၅၄။) (အံ၊မြန်၊၂။၁၉၆။)

ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
ဒုတိယသမ္မတ္တနိယာမသုတ်လာ တရားနာသော် မဂ်ရကြောင်း ၅ ပါး

၁။ ဟောကြားသော တရားကို မကဲ့ရဲ့ခြင်း၊

၂။ တရားဟောပုဂ္ဂိုလ်ကို မကဲ့ရဲ့ခြင်း၊

၃။ မိမိကိုယ်ကို မကဲ့ရဲ့ခြင်း၊

၄။ ပညာရှိ၍ မမိုက်မဲ မဆွံ့အခြင်း၊

၅။ မသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ မရှိခြင်း။

(အံ၊၂။၁၅၄။) (အံ၊မြန်၊၂။၁၉၆။)

ကထံ ပရိဘောတိ,
ကထိကံ ပရိဘောတိ,
အတ္တာနံ ပရိဘောတိ,
ဒုပ္ပညော ဟောတိ ဇဠော ဧဠမူဂေါ,
အနညာတေ အညာတမာနီ ဟောတိ။

န ကထံ ပရိဘောတိ,
န ကထိကံ ပရိဘောတိ,
န အတ္တာနံ ပရိဘောတိ,
ပညဝါ ဟောတိ အဇဠော အနေဠမူဂေါ,
န အနညာတေ အညာတမာနီ ဟောတိ။
#########
အဂုၤတ္တိုရ်အလင်းအိမ်

Comments

Popular posts from this blog

၅း ၁း ၁း ၃။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊  သေခဗလဝဂ် ဒုက္ခသုတ်လာ ဆင်းရဲ၍ ဒုဂ္ဂတိရောက်ကြောင်း ၅ ပါး ချမ်းသာ၍ နတ်ပြည်ရောက်ကြောင်း ၅ ပါး

၅း ၁း ၁း၂။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊  သေခဗလဝဂ်၊ ဝိတၳတသုတ်လာ သေက္ခပုဂ္ဂိုလ်တို့၏ အား ၅ မျိုး

၅း ၄း ၁း ၄။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊ သဒ္ဓမ္မဝဂ် ပဌမသဒ္ဓမ္မသမေ္မာသသုတ်လာ သာသနာကွယ်ကြောင်း ၅ ပါးနှင့် သာသနာတည်ကြောင်း ၅ ပါး