၅း ၁း ၁း ၁၀။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊ သေခဗလဝဂ် ဒုတိယအဂါရဝသုတ်လာ မလေးစား မလိုက်နာသူ သာသနာတော်၌ ကြီးပွား စည်ပင် ပြန့်ပွားခြင်း မထိုက်ကြောင်း ၅ ပါး လေးစားလိုက်နာသူ သာသနာတော်၌ ကြီးပွား စည်ပင် ပြန့်ပွားခြင်းထိုက်ကြောင်း ၅ ပါး
၅း ၁း ၁း ၁၀။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊
သေခဗလဝဂ်
ဒုတိယအဂါရဝသုတ်လာ
မလေးစား မလိုက်နာသူ
သာသနာတော်၌ ကြီးပွား စည်ပင် ပြန့်ပွားခြင်း
မထိုက်ကြောင်း ၅ ပါး
လေးစားလိုက်နာသူ
သာသနာတော်၌ ကြီးပွား စည်ပင် ပြန့်ပွားခြင်း
ထိုက်ကြောင်း ၅ ပါး
သဒ္ဓါ-ဟိရိ, ဩတ္တပ္ပိ, ဝီရိ-ပညာ, ဗလငါး။
ဗလငါးဝ၊ မရှိက၊ လျော့ကျ သာသနာ။
ဗလငါးဝ၊ တည်ရှိက၊ တည်ရ သာသနာ။
သာသနာတော်၌ မတည်ကြောင်း ၅ ပါး
၁။ ယုံကြည်မှု-သဒ္ဓါ မရှိခြင်း၊
၂။ ရှက်မှု-ဟိရီ မရှိခြင်း၊
၃။ ကြောက်လန့်မှု-ဩတ္တပ္ပ မရှိခြင်း၊
၄။ ပျင်းရိခြင်း၊
၅။ သိမှု-ပညာ မရှိခြင်း။
(အံ၊၂။၆။) (အံ၊မြန်၊၂။၇-၈။)
သာသနာတော်၌ တည်ကြောင်း ၅ ပါး
၁။ ယုံကြည်မှု- သဒ္ဓါ ရှိခြင်း၊
၂။ ရှက်မှု- ဟိရီ ရှိခြင်း၊
၃။ ကြောက်လန့်မှု- ဩတ္တပ္ပ ရှိခြင်း၊
၄။ အားထုတ်မှု- ဝီရိယ ရှိခြင်း၊
၅။ သိမှု-ပညာ ရှိခြင်း။
(အံ၊၂။၆။) (အံ၊မြန်၊၂။၈။)
######
အဂုၤတ္တိုရ်အလင်းအိမ်
Comments
Post a Comment