၅း၄း၁း ၃။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊ သဒ္ဓမ္မဝဂ် တတိယသမ္မတ္တနိယာမသုတ်လာ တရားနာသော်လည်း မဂ် မရကြောင်း  ၅ ပါးနှင့် တရားနာသော် မဂ် ရကြောင်း  ၅ ပါး


၅း ၄း ၁း ၃။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
သဒ္ဓမ္မဝဂ်
တတိယသမ္မတ္တနိယာမသုတ်လာ
တရားနာသော်လည်း မဂ် မရကြောင်း  ၅ ပါးနှင့်
တရားနာသော် မဂ် ရကြောင်း  ၅ ပါး

သူ့ဂုဏ်ခြေဖျက်၊ ပြစ်တင်တတ်၊
ဟောတတ် ပုတ်ခက်လို၊
ပညာမတတ်၊ လွဲထင်တတ်၊
ငါးရပ် မဂ်ကင်းဆို။

သူ့ဂုဏ်မဖျက်၊ ပြစ်မတပ်၊
ဟောတတ် မပုတ်ခက်၊
ပညာလည်းတတ်၊ လွဲမမှတ်။
ငါရပ် မဂ်ရတတ်။

၃။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
တတိယသမ္မတ္တနိယာမသုတ်လာ
တရားနာသော်လည်း မဂ် မရကြောင်း  ၅ ပါး

၁။ သူ၏ ဂုဏ်ကို ချေဖျက် လိုစိတ်ဖြင့် တရားနာခြင်း၊

၂။ အပြစ်တင်လိုစိတ်ဖြင့် တရားနာခြင်း၊

၃။ တရားဟောပုဂ္ဂိုလ်ကို ထိပါး ပုတ်ခတ်လိုစိတ် ရှိခြင်း၊

၄။ ပညာမဲ့၍ မိုက်မဲ ဆွံ့အခြင်း၊

၅။ မိမိမသိသော အရာ၌ သိ၏ဟု မှတ်ထင်လေ့ရှိခြင်း။

(အံ၊၂။၁၅၅။) (အံ၊မြန်၊၂။၁၉၇။)

ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
တတိယသမ္မတ္တနိယာမသုတ်လာ
တရားနာသော် မဂ်ရကြောင်း ၅ ပါး

၁။ သူ၏ ဂုဏ်ကို ချေဖျက်လိုစိတ် မရှိဘဲ တရားနာခြင်း၊

၂။ အပြစ်တင်လိုစိတ် မရှိဘဲ တရားနာခြင်း၊

၃။ တရားဟောပုဂ္ဂိုလ်ကို ထိပါး ပုတ်ခတ်လိုစိတ် မရှိခြင်း၊

၄။ ပညာရှိ၍ မမိုက်မဲ မဆွံ့အခြင်း၊

၅။ မိမိ မသိသောအရာ၌ သိ၏ဟု မှတ်ထင်လေ့ မရှိခြင်း။

(အံ၊၂။၁၅၄။) (အံ၊၂။၁၅၅။) (အံ၊မြန်၊၂။၁၉၆။) (အံ၊မြန်၊၂။၁၉၇။)
******=*
မက္ခီ ဓမ္မံ သုဏာတိ မက္ခပရိယုဋ္ဌိတော,
ဥပါရမ္ဘစိတ္တော ဓမ္မံ သုဏာတိ ရန္ဓဂဝေသီ,
ဓမ္မဒေသကေ အာဟတစိတ္တော ဟောတိ ခီလဇာတော,
ဒုပ္ပညော ဟောတိ ဇဠော ဧဠမူဂေါ,
အနညာတေ အညာတမာနီ ဟောတိ။

အမက္ခီ ဓမ္မံ သုဏာတိ န မက္ခပရိယုဋ္ဌိတော,
အနုပါရမ္ဘစိတ္တော ဓမ္မံ သုဏာတိ န ရန္ဓဂဝေသီ,
ဓမ္မဒေသကေ အနာဟတစိတ္တော ဟောတိ အခီလဇာတော,
ပညဝါ ဟောတိ အဇဠော အနေဠမူဂေါ,
န အနညာတေ အညာတမာနီ ဟောတိ။
#########
အဂုၤတ္တိုရ်အလင်းအိမ်

Comments

Popular posts from this blog

၅း ၁း ၁း ၃။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊  သေခဗလဝဂ် ဒုက္ခသုတ်လာ ဆင်းရဲ၍ ဒုဂ္ဂတိရောက်ကြောင်း ၅ ပါး ချမ်းသာ၍ နတ်ပြည်ရောက်ကြောင်း ၅ ပါး

၅း ၁း ၁း၂။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊  သေခဗလဝဂ်၊ ဝိတၳတသုတ်လာ သေက္ခပုဂ္ဂိုလ်တို့၏ အား ၅ မျိုး

၅း ၄း ၁း ၄။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊ သဒ္ဓမ္မဝဂ် ပဌမသဒ္ဓမ္မသမေ္မာသသုတ်လာ သာသနာကွယ်ကြောင်း ၅ ပါးနှင့် သာသနာတည်ကြောင်း ၅ ပါး