၅း၄း၁း၁။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊ သဒ္ဓမ္မဝဂ် ပဌမသမ္မတ္တနိယာမသုတ်လာ တရားနာသော်လည်း မဂ် မရကြောင်း ၅ ပါးနှင့် တရားနာသော် မဂ် ရကြောင်း ၅ ပါး

၅/၄/၁/၁။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊ သဒ္ဓမ္မဝဂ်
ပဌမသမ္မတ္တနိယာမသုတ်လာ
တရားနာသော်လည်း မဂ် မရကြောင်း ၅ ပါးနှင့်
တရားနာသော် မဂ် ရကြောင်း ၅ ပါး

တရား- ဟောသူ၊ မိမိဟူ၊
အတူ ကဲ့ရဲ့ကြ။
စိတ်မတည်နာ၊ မသင့်နာ၊
ငါးဖြာ မဂ်မရ။

တရား- ဟောသူ၊ မိမိဟူ၊
အတူ မကဲ့ရဲ့။
စိတ်တည်ကြည်နာ၊ သင့်တင့်နာ၊
ငါးဖြာ မဂ်ကိုရ။

၁။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
ပဌမသမ္မတ္တနိယာမသုတ်လာ တရားနာသော်လည်း မဂ် မရကြောင်း ၅ ပါး

၁။ ဟောအပ်သော တရားကို ကဲ့ရဲ့ခြင်း၊

၂။ တရားဟော ပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်း၊

၃။ မိမိကိုယ်ကို ကဲ့ရဲ့ခြင်း၊

၄။ စိတ်ပျံ့လွင်၍ စိတ်မတည်ကြည်ဘဲ တရားနာခြင်း၊

၅။ မသင့်သော အားဖြင့် နှလုံးသွင်းခြင်း။

(အံ၊၂။၁၅၄။) (အံ၊မြန်၊၂။၁၉၅။)

ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊
ပဌမသမ္မတ္တနိယာမသုတ်လာ တရားနာသော် မဂ်ရကြောင်း ၅ ပါး

၁။ တရားကို မကဲ့ရဲ့ခြင်း၊

၂။ တရားဟောပုဂ္ဂိုလ်ကို မကဲ့ရဲ့ခြင်း၊

၃။ မိမိကိုယ်ကို မကဲ့ရဲ့ခြင်း၊

၄။ စိတ်မပျံ့လွင့်ဘဲ စိတ်တည် ကြည်လျက် တရားနာခြင်း၊

၅။ သင့်သောအားဖြင့် နှလုံးသွင်းခြင်း။

(အံ၊၂။၁၅၄။) (အံ၊မြန်၊၂။၁၉၅။)

ကထံ ပရိဘောတိ,
ကထိကံ ပရိဘောတိ,
အတ္တာနံ ပရိဘောတိ,
ဝိက္ခိတ္တစိတ္တော ဓမ္မံ သုဏာတိ အနေကဂ္ဂစိတ္တော
အယောနိသော စ မနသိ ကရောတိ။
န ကထံ ပရိဘောတိ,
န ကထိကံ ပရိဘောတိ,
န အတ္တာနံ ပရိဘောတိ,
အဝိက္ခိတ္တစိတ္တော ဓမ္မံ သုဏာတိ,
ဧကဂ္ဂစိတ္တော ယောနိသော စ မနသိ ကရောတိ။
#####
အဂုၤတ္တိုရ်အလင်းအိမ်

Comments

Popular posts from this blog

၅း ၁း ၁း ၃။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊  သေခဗလဝဂ် ဒုက္ခသုတ်လာ ဆင်းရဲ၍ ဒုဂ္ဂတိရောက်ကြောင်း ၅ ပါး ချမ်းသာ၍ နတ်ပြည်ရောက်ကြောင်း ၅ ပါး

၅း ၁း ၁း၂။ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသ၊  သေခဗလဝဂ်၊ ဝိတၳတသုတ်လာ သေက္ခပုဂ္ဂိုလ်တို့၏ အား ၅ မျိုး

၅း ၄း ၁း ၄။ ပဉ္စကနိပါတ်၊ စတုတ္ထပဏ္ဏာသ၊ သဒ္ဓမ္မဝဂ် ပဌမသဒ္ဓမ္မသမေ္မာသသုတ်လာ သာသနာကွယ်ကြောင်း ၅ ပါးနှင့် သာသနာတည်ကြောင်း ၅ ပါး